လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကွမ်းစိုက် ကျေးရွာအုပ်စု၊ ကွမ်းစိုက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/ သား (၆၅) ဦးခန့်နှင့် ကျောင်းသား/သူ(၆၂)ဉီးခန့် တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ဆိုင်သော ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)