Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၃)ခု ခွဆုံကျေးရွာ၊ အုန်းချောင်းကျေးရွာနှင့် အရှေ့မြောက်ရပ်ကွက်သို့ (၂၉-၁၁-၂၀၁၉)ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသောတိုက်ပွဲရှောင် အိမ်ထောင်စု(၂၁၈)စု၊ လူဦးရေ (၈၈၆)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၂၉)အိတ်၊ (၁၅)ပြည်အား (၄-၁၂-၂၀၁၉)ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_dec 2019
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ပေတော ကျေးရွာ၌ (၄-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးကြောင့် ပျက်စီးအိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုငေွ (၇) ရက်စာ(၁၃၈,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၃၈,၆၀၀/-) ကျပ်နှင့် … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့တွင် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ဝရငယ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၉) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ် တို့အား (၅-၁၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(ချိကယ်)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၃၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဌာနဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကို ဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (5.12.2019)ရက်နေ့ (13:30)နာရီမှ (15:10)နာရီထိ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(170)ဦးတို့ အား ဦးစီးဌာနနှင့်ပတ်သက်သောလုပ်ငန်းတာဝန်များ၊ ထောက်ပံ့နှုန်းထားများ၊ သဘာဝဘေးများဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ၊ မိုးကြိုးဘေးဖြစ်ပွားပါက မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို လိုက်ပါဆောင်ရွက်စေခြင်းများအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မင်းကင်းမြို့နယ်၊ ပွင့်လျက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၄၂) ဦးအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဉီးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.မ.က (မရင်းကုန်း) ကျောင်း၌ ကျောင်းသား/သူနှင့် ကျောင်းသားမိဘ(၂၅၀)ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ကုက္ကိုကုန်းကျေးရွာရှိ ကျောင်းသား/သူ (၃၂၃) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများအင်အား(၁၀၀)ဦးခန့်အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းများပိုစတာပေးအပ်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ရေဦးမြို့၊ အ.ထ.က (၂) ၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဗလာစာအုပ်နှင့် ဘောလ်ပင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_dec2019









