ဒီဇင်ဘာ၁၂၊နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ မသန်စွမ်း လူ့အခွင့် အရေးကော်မရှင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်မှုအခြေအနေများ၊ UNCRPDဆိုင်ရာ Concluding Observation အရမသန်စွမ်းအမျိုးသမီးများ၊ မသန်စွမ်းကလေးသူငယ်များ၊ မသန်စွမ်းသက်ကြီး ရွယ်အိုများအပါအဝင် မသန်စွမ်းသူအားလုံး၏ အခွင့်အရေးတို့ကိုကဏ္ဍအလိုက် စီစဉ် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူတို့၏ အခွင့်အရေးများတန်းတူညီမျှ ရရှိရန်ဉပဒေအရ အထောက်အကူ ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်နယူးဇီလန်နိုင်ငံ State Services Commissioner နှင့် Department of Internal Affairs အဖွဲ့တို့နှင့်တွေ့ဆုံပြီး မသန်စွမ်းသူများအား အလုပ်အကိုင်ခန့်ထားရေးဆိုင်ရာ လိုအပ်ချက်များ၊အလုပ်အကိုင်အခွင့်အရေးအတွက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊မသန်စွမ်းအမျိုးအစားနှင့်မသန်စွမ်းသူအသက်အရွယ်အလိုက်ထောက်ပံ့ရေး၊မသန်စွမ်းအခွင့်အရေးများကိုအလွယ်တကူလက်လှမ်းမီရရှိနိုင်ရေးအတွက် Accessibility Charter ချမှတ်ဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မွန်းလွဲပိုင်းတွင်နယူးဇီလန်နိုင်ငံမသန်စွမ်းသူများထောက်ပံ့ရေးကွန်ရက်အဖွဲ့အစည်းနှင့်တွေ့ဆုံ၍မသန်စွမ်းသူများအတွက်ဝန်ဆောင်မှုများထောက်ပံ့ပေးရာတွင်သုတေသနရလဒ်တို့ကိုအသုံးချပြီးလမ်းညွှန်ချက်များ၊မဟာဗျူဟာ၊လုပ်ငန်းစီမံချက်တို့ကိုချမှတ်ရန်အတွက်လည်းကောင်း၊ Disability Coalition အဖွဲ့နှင့်တွေ့ဆုံပြီး မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ဆောင်ရွက် နေသည့်အစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#nwe zealand_dec2019
Source: MOSWRR