လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်သက်ဆိုင်သည့် ဗဟုသုတများနှင့် DAN Application သုံးစွဲပုံ နည်းစနစ်များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mon_dec2019