ဒုတိယဝန်ကြီး ဦးစိုးအောင် ဂျပန်နိုင်ငံ၊ တရားရေးရာဝန်ကြီး Ms.MORI Masako နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒီဇင်ဘာလ၁၂၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် ဂျပန်နိုင်ငံ၊တရားရေးရာဝန်ကြီး Ms. MORI Massako ဦးဆောင်သောအဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဧည့်သည်တော် ဂျပန်ဝန်ကြီးက စတင်ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှဝန်ကြီးများအနေဖြင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တတ်အားသမျှ ပါဝင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်အပြန်အလှန် လေ့လာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဂျပန်နိုင်ငံတွင် သဘာဝဘေးခံစားရပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှု များအား မြန်မာနိုင်ငံမှ လာရောက်လေ့လာနိုင်စေရန် စီမံဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီး ရေလျှံမှုများကဲ့သို့ ဂျပန်နိုင်ငံတွင်လည်း ရေဘေးနှင့်သဘာဝဘေးဒဏ်များကြုံတွေ့ရသည့်အတွက် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နည်းပညာအကူအညီသုံး၍ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ပေးနေသည့် အခန်းကဏ္ဍများနှင့်ပတ်သက်၍ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးနေ မှုများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာ နိုင်ငံတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် JICA အပါအဝင်ဂျပန်နိုင်ငံမှ လူမှုအဖွဲ့အစည်းများက ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2
#npw_dec2019

Source: MOSWRR

Sign Up

Upcoming Events