သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

12_Pic_01 12_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၁.၁၂.၂၀၁၉) ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးဖြင့် (၁၁.၁၂.၂၀၁၉)ရက်နေ့မှ (၁၃.၁၂.၂၀၁၉) ရက်နေ့ အထိ သင်တန်းကာလ (၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_dec2019

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events