
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာ၊ ရွာတောင်ပိုင်းတွင် (၁၁-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၂) လုံးမှ အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၉) ဦး အတွက် (၇) ရက်စာဆန်ဖိုး ထောက်ပံ့ ငွေ(၁၈၉၀ဝ/-) ကျပ်အား (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mon_dec2019