လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၁၂.၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်မှ (၁၄:၁၅)အထိ ပင်လောင်းမြို့နယ်၊ အထက(ခွဲ)ရေဦး၌ ကျောင်းသား/ သူ (၂၅၀)ဦးအားသဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)