Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူ လေးကျေးရွာအုပ်စု၊ ကြက်သေကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်အား (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ် အုပ်ချုပ် ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_dec2019
-
ရေဘေးကြိုတင်ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှုရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် ကချင်ပြည်နယ်အတွင်းရေကြီးလေ့ရှိသည့် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့သို့သွားရောက်၍ ဆင်ဘိုမြို့၊ သဘာဝဘေးဘေးစီမံခန့်ခွဲမှုကော်မတီနှင့်ပူးပေါင်းပြီး ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားပြုလုပ်ခဲ့ရာ ပြည်နယ်/မြို့ သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ သဘာဝဘေးလျော့ပါးရေးစေသတနာ့ဝန်ထမ်း လူငယ်များ၊ ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမူ့အဖွဲ့အစည်းများစုစုပေါင်း (၂၀၀) ဦးခန့်ဖြင့် ဇာတ်တိုက် လေ့ကျင့်ခဲ့ပြီး ဒိုင်ဖိန်းလူမူ့အဖွဲ့အစည်းမှလှူဒါန်းသော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးတွင်အသုံးပြုရန်ငွေ (၅၅၀၀၀ဝ/-) ကျပ် တန်ဖိုးရှိ အသက်ကယ်အင်္ကျီများ၊ ကြိုးခွေနှင့်လက်ကိုင်စပီကာများအား ဆင်ဘိုမြို့သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အပိုင်း(၆)၊ နယ်မြေ(၁၂)တွင် (၁၄-၁၂-၂၀၁၉)ရက်နေ့(၀၄:၄၅)အချိန်၌ နေအိမ်တွင် သွယ်တန်းထားသည့် လျှပ်စစ်မိန်းခုံအပူလွန်ကဲပြီး အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) အိမ် ထောင်စာနှင့် လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင်(၁၄-၁၂-၂၀၁၉)ရက်နေ့၊(၁၂:၂၅)အချိန် ဗိုလ်ချုပ်ဘုန်းကြီးကျောင်း၌ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံးဝပျက်စီးကျောင်းဆောင်( ၂ )ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-) ကျပ်တို့အား (၁၆-၁၂-၂၀၁၉) ရက်နေ့တွင် … Read more
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်ဆင့်သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကို၊ (၁၆-၁၂-၂၀၁၉) ရက်နေ့မှ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၅) ရက် တာဖြင့် သင်တန်းသား/သင်တန်းသူ (၄၅) ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_dec2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် Nordic International Support Foundation (NIS) အဖွဲ့အစည်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
ဒီဇင်ဘာ ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms. Elizabeth Jane Armstrong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုအသိုင်းအဝန်းများ အားကောင်း စေရေး၊ လူမှုသဟဇာတမျှတရေး၊ မတူညီသောအသိုင်းအဝန်းများအကြား ပေါင်းစည်း … Read more
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၁၅-၁၂-၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်၊ ရေအိုးစင်ကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ လူနေအိမ်(၁) လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၃) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၆၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်နှင့် (၃၇,၆၈၁) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁) အိမ်ထောင်စာ တို့အား တာဝန်ရှိသူများက (၁၆-၁၂-၂၀၁၉) ရက်နေ့ (၁၄:၁၅) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ … Read more
-
school cum shelter တည်ဆောက်မှု အခြေအနေများအားသွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့တွင် မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြစ်တည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဒေါင့်ကြီးကုန်းကျေး ရွာ၊ ဒရယ်ဖြူကြီးကျေးရွာနှင့် အုံတုံကုန်းကျေးရွာတို့မှ school cum shelter တည်ဆောက်မှု (၇၅)% နှင့်ဂွေးချောင်းကျေးရွာမှ (50)% တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) အချိန်၌ ဇမ္ဗူသီရိမြို့နယ် ၊ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ တိုင်းဦးစီးမှုးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကာလမှာ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှုးရုံး (ဘစမ) #ar #npw_dec2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၉) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်၊ ဟိတဓရ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၁၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ငလျင်လှုပ်ခတ်စဉ် ဝပ်၊ ကာ၊ ကိုင်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိလမ်းမ ဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့နယ်၊စေတီတောင်ကျေးရွာနှင့် ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုစုပေါင်း စုရပ်စခန်း (၄) ခုတွင် ရိက္ခာ ထပ်မံလိုအပ်လျှက်ရှိသော တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၁၁၇၉)စု၊ လူဦးရေ(၅၄၁၀)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၇၈၈)အိတ်(၂၃)ပြည်တို့ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Sourrce: မောင်တောခရိုင်ဦးစီးမှူးရုံး၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး … Read more









