Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ နာတာကျိုကျေးရွာရှိ အမက -ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကျေးလက်ရှိပြည်သူများ လူဦးရေစုစုပေါင်း(၇၅)ဦးအားလည်းကောင်း၊ နေ့လည်ချိန်(၁၃:ဝဝ)နာရီ မှ(၁၅:ဝဝ)နာရီအထိ မိုင်းကိုးကျေးရွာအုပ်စု၊ မနောကျေးရွာရှိ အခြေခံမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကျေးလက်ရှိ ပြည်သူများ လူဦးရေစုစုပေါင်း (၈၀)ဦးတို့အား သဘာ၀ဘေးနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့်၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးဟောပြောခဲ့ပြီး ၊ ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ မကျီးချောင်းကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့့်ဆိုင်သော အသိ ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များအား ပေးဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ မနက်ပိုင်းတွင် မင်းတပ်မြို့နယ်၊ အွယ်ရေးအုပ်စု၊ အွယ်ရေးကျေးရွာတွင် ပြည်သူလူထု(၄၀)ဦးအား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ကြပါကြောင်းသတင်းရရှိပါသည်။ Sourceး မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_dec 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူစုစုပေါင်း (၅၈၄)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec 2019
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၇:၀၀) နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၌ လေပြင်း တိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၅) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၂,၀၀၀/-) ကျပ်၊ လူဦးရေ (၃၀) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၆၃,၀၀၀/-) ကျပ်၊ စုစုပေါင်းငွေ (၂၈၅,၀၀၀/-) ကျပ်အား (၆-၁၂-၂၀၁၉) ရက်နေ့တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ကသာခရိုင်၊ အင်းတော်မြို့၊ ရေတွင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးတို့အား (၆-၁၂-၂၀၁၉) ရက်နေ့(၁၃:၀၀)နာရီမှ(၁၅:၀၀)နာရီထိ သဘာဝဘေးနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec 2019 Sourceး ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဆင်းပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၄/၂၀၁၉)ကို (၄-၁၂-၂၀၁၉)ရက်နေ့မှ(၆-၁၂-၂၀၁၉)ရက်နေ့အထိ သင်တန်းသား/ သင်တန်း သူ (၃၀)ဦး တို့ဖြင့်ဖွင့်လှစ်ခဲ့ပြီး (၆-၁၂-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_dec 2019
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၄:၀၀) နာရီတွင် ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ခြင်းအတွက် မီးဘေးသင့်အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၉ ) စု မှ လူဦးရေ (၄၄) ဦး အတွက် လတ်တလော သက်သာစေပေးအပ်ခဲ့ရာ ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး၊ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ပါသည်။ မီးဘေးသင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြပ်စဉ်ချောင်းကျေးရွာအုပ်စု၊ ကြပ်စဉ်ချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec 2019 Sourceး မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအတွက် ငွေကြေး အထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၆ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုပေးသူများ၏တာဝန်နှင့် ဝတ္တရားများအား ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေနှင့် အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံ၍ အဓိက အစီအစဉ် (၈)ခုကို အဆင့်လိုက် အကောင်အထည်ဖော် … Read more









