လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူ လေးကျေးရွာအုပ်စု၊ ကြက်သေကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်အား (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ် အုပ်ချုပ် ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#shn_dec2019