မီးဘေးသင့်ပြည်သူများအားထောက်ပံမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြင်းခြံမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အပိုင်း(၆)၊ နယ်မြေ(၁၂)တွင် (၁၄-၁၂-၂၀၁၉)ရက်နေ့(၀၄:၄၅)အချိန်၌ နေအိမ်တွင် သွယ်တန်းထားသည့် လျှပ်စစ်မိန်းခုံအပူလွန်ကဲပြီး အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ စုစုပေါင်းလူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) အိမ် ထောင်စာနှင့် လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင်(၁၄-၁၂-၂၀၁၉)ရက်နေ့၊(၁၂:၂၅)အချိန် ဗိုလ်ချုပ်ဘုန်းကြီးကျောင်း၌ ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံးဝပျက်စီးကျောင်းဆောင်( ၂ )ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-) ကျပ်တို့အား (၁၆-၁၂-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးအမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mdy_dec 2019

Sourceး မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events