ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် Nordic International Support Foundation (NIS) အဖွဲ့အစည်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ဒီဇင်ဘာ ၁၆၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms. Elizabeth Jane Armstrong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုအသိုင်းအဝန်းများ အားကောင်း စေရေး၊ လူမှုသဟဇာတမျှတရေး၊ မတူညီသောအသိုင်းအဝန်းများအကြား ပေါင်းစည်း ညီညွတ်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစသည့် အခန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေ များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို နိုဝင်ဘာလ(၁၉)ရက်နေ့က မိတ်ဆက်ခဲ့ပြီး နောက်ဒေသလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများ၊ IDP စခန်းများပိတ်သိမ်းရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအနေဖြင့် မိမိဘဝမိမိရပ်တည်နိုင်ပြီး နေထိုင်ရာပတ်ဝန်းကျင်နှင့် သဟ ဇာတဖြစ်ပြီး ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးဆောင်ရွက်သွားမည့်အခြေအနေများနှင့် လူမှုစုစည်း ညီညွတ်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ လူမှုသဟဇာတ မျှတရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အဆင့်အခမ်းအနားတစ်ခုအား ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_dec2019

Sign Up

Upcoming Events