
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှုရုံးမှတာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် ကချင်ပြည်နယ်အတွင်းရေကြီးလေ့ရှိသည့် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့သို့သွားရောက်၍ ဆင်ဘိုမြို့၊ သဘာဝဘေးဘေးစီမံခန့်ခွဲမှုကော်မတီနှင့်ပူးပေါင်းပြီး ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားပြုလုပ်ခဲ့ရာ ပြည်နယ်/မြို့ သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ သဘာဝဘေးလျော့ပါးရေးစေသတနာ့ဝန်ထမ်း လူငယ်များ၊ ကြက်ခြေနီ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမူ့အဖွဲ့အစည်းများစုစုပေါင်း (၂၀၀) ဦးခန့်ဖြင့် ဇာတ်တိုက် လေ့ကျင့်ခဲ့ပြီး ဒိုင်ဖိန်းလူမူ့အဖွဲ့အစည်းမှလှူဒါန်းသော ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးတွင်အသုံးပြုရန်ငွေ (၅၅၀၀၀ဝ/-) ကျပ် တန်ဖိုးရှိ အသက်ကယ်အင်္ကျီများ၊ ကြိုးခွေနှင့်လက်ကိုင်စပီကာများအား ဆင်ဘိုမြို့သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီသို့ ပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှုရုံး (ဘစမ)
#simex
#Kcn_dec2019