သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်း

16_ Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀) အချိန်၌ ဇမ္ဗူသီရိမြို့နယ် ၊ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့ဖြင့် ဖွင့်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ တိုင်းဦးစီးမှုးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကာလမှာ (၂၀-၁၂-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဦးစီးမှုးရုံး (ဘစမ)

#ar
#npw_dec2019

Sign Up

Upcoming Events