Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၄:၀၀)နာရီတွင် ဖျာပုံမြို့၊ ကနိကျေးရွာအုပ်စု၊ ကနိချောင်းဝကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် မီးဘေးသင့်အိမ်ခြေ (၇)လုံး၊ မီးတားအိမ်(၂)လုံးမှ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၀၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ မီးတားအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ(၂)အိမ်ထောင်စုစာနှင့် လုံးဝပျက်စီး အိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၉)အိမ်ထောင်စာတို့ကို (၇-၁၂-၂၀၁၉) ရက်နေ့တွင် လွှတ်ကိုယ်စားလှယ်နှင့်အတူ မီးဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မိုင်းဆတ်ခရိုင်၊ ဝိန်းဝိုင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ရွာသူ/ရွာသား (၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် တက်ရောက်လာသူများကို လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec 2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၁၉)ရက်နေ့ (၀၉:ဝဝ)ချိန်၌ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (လုံးဝပျက်စီး) နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၈၈၉ဝဝိ/-)အား (၇-၁၂-၂၀၁၉)ရက်နေ့(၁၀:၃၀)နာရီအချိန် တွင်သွားရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_dec 2019
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်း (၇-၁၂-၂၀၁၉)ရက်နေ့ (၁၁:၁၅)အချိန်တွင် တောင်ညိုကျေးရွာအုပ်စု၊ ကြီးပွားကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဆိုင်ကယ်(၁၉)စီး မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံရန်ပုံငွေ (၅၀၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၆၆၈၀၀/-) ကျပ်နှင့် ကျပ်(၇၅၃၆၂/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စာတို့အား (၈-၁၂-၂၀၁၉)ရက်နေ့(၁၀:၁၅)အချိန်တွင် ပြည်သူများ၏လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_fir #npw_dec … Read more
-
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကိုပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်
ဒီဇင်ဘာ၇၊နေပြည်တော် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်ကို ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) ကစီစဉ်ကျင်းပခဲ့ပြီးအခမ်းအနားကိုလွတ်လပ်ခြင်းနှင့်ဖဲကြိုးဖြူသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူသားတစ်ဦးချင်း အနေဖြင့် လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်များကိုကာကွယ်ပေးရန်လိုပါကြောင်း၊ အမျိုးသမီးများနှင့် ပတ်သက်၍ အကြမ်းဖက်မှုကာကွယ်ရေးသည် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၃-၁၂-၂၀၁၉)ရက်နေ့မှ(၅-၁၂-၂၀၁၉) ရက်နေ့အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)အမှတ်စဉ်(၁/၂၀၁၉)” ကို သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့ဖြင့် ဖွင့်လှစ် ခဲ့ပါသည်။ ယင်းသင်တန်းတွင် နည်းပြများမှ သရုပ်ပြရှင်းလင်းခြင်း၊ ဂိမ်းများကစာခြင်းများဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးသရုပ်ပြပို့ချ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_dec 2019
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ လပွတ္တာမြို့ နယ်၊ ရှော်ချောင်းကျေးရွာအုပ်စု၊ ကတ္တီပါရွာသစ်ကျေးရွာ၌ (၆-၁၂-၂၀၁၉) ရက်နေ့ ၊ (၀၉:၁၅ ) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၂၄) စုမှ ဘေးသင့်လူဦးရေ (၁၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ (၂၄) ပုံး၊(၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၄၁,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀/-)၊ စုစုပေါင်းငွေ (၂၄၄၁၅၀၀/-) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့ (၁၅:၀၀)နာရီချိန်တွင် ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre အစည်းအဝေးခန်မ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှသင်တန်းဆင်း အမှာစကားပြောကြားခြင်း၊ သင်တန်းသူ/သားများကိုယ်စား သင်တန်းသားမှ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း (၇၀)ဦးတို့ဖြစ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_dec 2019
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့ နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၊ ဆေးဖြတ်ကုန်းကျေးရွာတွင် ( ၆-၁၂-၂၀၁၉) ရက်နေ့ (၀၁:ဝဝ) ချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်(လုံးဝပျက်စီး) နေအိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦး အတွက်ဆန်ရိက္ခာထောက်ပံ့ဖိုးငွေ ( ၁၀,၅၀၀/-) ကျပ် စုစုပေါင်း ငွေ (၂၁၀,၅ဝဝ/-) ကျပ်အား မြို့နယ်ထွေ/အုပ်l ပြန်/ဆက်တို့နှင့်အတူ … Read more
-
Multi-Purpose shelter ပြီးစီးမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၉)ရက်နေ့တွင် ဘိုကလေးမြို့နယ် shelter တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ပျဉ်မကုန်းကျေးရွာနှင့် လတာချောင်းကျေးရွာရှိ Multi-Purpose shelter (၇၅)ရာခိုင်းနှုန်းပြီးစီးမှုကို သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_dec 2019









