Category Archives: News
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ပုန်းထွန်တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးအား ငလျင်ဘေးနှင့် အခြားသောသဘာဝ ဘေးများအကြောင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှု နှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့ သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေးရှစ်မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး UN-Habitat အဖွဲ့အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဒီဇင်ဘာ၁၇၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UN-Habitat အဖွဲ့အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Atsushi Koresawa ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုမြင့်မားရေးအတွက် နည်းပညာဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးနှင့် အာကာသ အခြေပြုနည်းပညာများအသုံးပြု၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သောသတင်းအချက်အလက် ရယူခြင်း၊ ဂြိုလ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing) နှင့် ပထဝီဝင်သတင်းအချက် အလက်စနစ် … Read more
-
သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၃) ခုမှ မြို့နယ်သဘာဝ ဘေးကော်မတီဝင်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အမှုထမ်းများ ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသင်းဝင်များ၊ သင်တန်းဖွင့်ပွဲသို့ ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးတွင် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် သင်တန်းသား/သူ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၉-၁၂-၂၀၁၉) ရက်နေ့အထိ (၃) ရက် တာကာလ ဖြင့် သင်တန်းသား … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ရန်အောင်မြေရပ်ကွက်၊ အခြေခံအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဉတု ပြောင်းလဲခြင်းနှင့့်် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသ ခြင်း၊ … Read more
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီ မှ (၁၂:၀၀) နာရီအချိန်အထိ လင်းခေး ခရိုင် ၊ လင်းခေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ တောင်ရွာတွင်၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးအား ငလျင်ဘေး နှင့် အခြားသော သဘာဝ ဘေးများအကြောင်းကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #shn_dec2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီအချိန်အထိ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ပန်ဝေါင်တွင် ဆရာ၊ ဆရာမ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား ငလျင်ဘေး၊ အခြားသော သဘာဝဘေးများအကြောင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈) မျိုးဆောင်ရန်ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) ချိန်တွင် ဖာပွန်မြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးဉီးစီးဌာနရှိ ယွန်စလင်း အစည်းအဝေး ခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပခဲ့ရာ ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၉-၁၂-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာကာလဖြင့် သင်တန်းသား (၃၀) ဉီးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ(၁၁:၃၀) နာရီအထိ ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ရွာသူ/ရွာသား (၁၃၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူ များအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးခကြောင်း သတင်းရရှိ ပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2019
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ တာချီလိတ်မြို့၊ လွယ်တော် ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာနှင့် အနီးရှိကျေးရွာငယ်များမှ ရပ်မိရပ်ဖများ အပါအဝင် စုစုပေါင်းအင်အား (၁၈၀) ဦးအား အသိပညာပေးဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ ရာသီဉတု ပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တ ရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကို လက်တွေ့ … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂ဝ၁၉) ရက်နေ့၊ (၁၀:၀ဝ) နာရီမှ (၁၁:၃၀) အချိန်ထိ သဲချောင်းအုပ်စု၊ တောင်ညိုကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေးမဖြစ်မီကြို တင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန် များကိုဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေး ဟောပြောပွဲသို့ ရွာသူ/ရွာသားများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more









