ဒီဇင်ဘာ၁၇၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UN-Habitat အဖွဲ့အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Atsushi Koresawa ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုမြင့်မားရေးအတွက် နည်းပညာဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးနှင့် အာကာသ အခြေပြုနည်းပညာများအသုံးပြု၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သောသတင်းအချက်အလက် ရယူခြင်း၊ ဂြိုလ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing) နှင့် ပထဝီဝင်သတင်းအချက် အလက်စနစ် (GIS) တို့ကို ပေါင်းစပ်အသုံးပြု၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြု နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် လိုအပ်သောအဆောက်အဦများ တည်ဆောက်ရာတွင် ကူညီပေးနိုင်မည့်ကိစ္စရပ်များ၊ တစ်ဖက် နိုင်ငံသို့ထွက်ခွာသွားခြင်းမရှိဘဲ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြသူများအား ၎င်းတို့၏ဆန္ဒနှင့်အညီ ပြန်လည်နေရာချထားရေးဆောင်ရွက်ပေးနိုင်ရန် ကျေးရွာအချို့တွင် စတင်ဆောင်ရွက်နေသည့် အခြေ အနေများ၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာပါ လမ်းညွှန်ချက်များနှင့်အညီ Conflict Sensitive ချဉ်းကပ်မှုဖြင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြန်လည်နေရာချထားရေးတွင် အရေးပါ သည့်လူမှုသဟဇာတမျှတရေးကို ဦးတည်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် UN-Habitat အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_dec2019