အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

17_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ တာချီလိတ်မြို့၊ လွယ်တော် ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာနှင့် အနီးရှိကျေးရွာငယ်များမှ ရပ်မိရပ်ဖများ အပါအဝင် စုစုပေါင်းအင်အား (၁၈၀) ဦးအား အသိပညာပေးဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ ရာသီဉတု ပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တ ရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကို လက်တွေ့ သရုပ်ပြသခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#chn_dec2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events