
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ရန်အောင်မြေရပ်ကွက်၊ အခြေခံအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဉတု ပြောင်းလဲခြင်းနှင့့်် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသ ခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေ အထားများကို ပြသခြင်း၊ ပူးပေါင်းပါဝင်မှု အားကောင်းစေရန် ဂိမ်းများကစားခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
#ar
#shn_dec2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)