အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

17_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီအချိန်အထိ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ပန်ဝေါင်တွင် ဆရာ၊ ဆရာမ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား ငလျင်ဘေး၊ အခြားသော သဘာဝဘေးများအကြောင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈) မျိုးဆောင်ရန်ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_dec2019
ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events