လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ပုန်းထွန်တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးအား ငလျင်ဘေးနှင့် အခြားသောသဘာဝ ဘေးများအကြောင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှု နှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့ သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေးရှစ်မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)