
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂ဝ၁၉) ရက်နေ့၊ (၁၀:၀ဝ) နာရီမှ (၁၁:၃၀) အချိန်ထိ သဲချောင်းအုပ်စု၊ တောင်ညိုကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဘေးမဖြစ်မီကြို တင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန် များကိုဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေး ဟောပြောပွဲသို့ ရွာသူ/ရွာသားများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_dec2019