Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၉)ရက်နေ့တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၃/ ဆ/ ၂၂)တွင် နေထိုင်သူ ဒေါ်ဒါလှဖြူ(ဘ)ဦးအောင်ထွန်း၏ နေအိမ် ဘုရားစင်ပေါ်၌ ဖယောင်းတိုင်မီးထွန်းပူဇော်ခဲ့ရာမှတဆင့် မီးလောင်ကျွမ်းခဲ့သည့် မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်အား (၂၃-၁၂-၂၀၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source : စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #rke_dec 2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွန်ကျေးရွာအုပ်စု၊ ငေါ့ငါး ကျေးရွာ၌ (၁၇-၁၂-၂၀၁၉) ရက်နေ့ (၁၇:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ စုစုပေါင်းလူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး … Read more
-
ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်မော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ လီဆူ IDP စခန်းမှ မိမိတို့ဝယ်ယူထားသော မြေနေရာများသို့ ပြောင်းရွှေ့အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၁၂၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၃၃) အိမ်ထောင်စာ၊ ဆန် တစ်လစာ (၄၀) အိတ်နှင့် ပြောင်းရွှေ့စရိတ် (၁) အိမ်လျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃,၃၀၀,၀၀၀/-) ကျပ်တို့အား (၂၃-၁၂-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီ … Read more
-
ရေနည်းမည့် အခြေအနေသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရေနည်းမည့် အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၅၈)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့ ၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် ဆက်လက်တည်ရှိနိုင်ပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြား မြို့နယ်၊ သေကံကျေးရွာ၊ ပညာ့ဗိမာန်ဘုန်းတော်ကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၆၀) စုအတွက် ဆော်ဒီစောင် (၁၆၀) အား(၂၃-၁၂-၂၀၁၉) ရက်နေ့တွင် သက်ဆိုင်ရာ ဆရာ တော်ကြီးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_dec2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှု ညှိနှိုင်းဆွေးနွေး
ဒီဇင်ဘာလ၊ ၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်များ အောင်မြင်စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဝန်ကြီးဌာန အသီးသီးက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းတာဝန်များမတူညီကြသော်လည်း … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူလိုက်ပါ၍ (၂၂-၁၂-၂၀၁၉) ရက်နေ့ (၁၃:၄၅) နာရီအချိန်တွင် မီးလောင်မှု ကြောင့် နေအိမ်ပျက်စီးခဲ့သော ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာမှ နေအိမ် (၁၅) လုံး၊ လူဦးရေ (၅၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀၀၀၀ဝ/-) ကျပ်၊ (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂၃၉၀ဝ/-) ကျပ်အားလည်းကောင်း၊ အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစီနှင့် UNHCR … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၉)ရက်နေ့တွင် ရွှေဘိုမူလတန်းကြိုကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် ECCDသင်တန်းတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များဝ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ရာ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2019 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာနေပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနl လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (22.12.2019)ရက်နေ့ နံနက်(9.00)နာရီမှ(11.00)နာရီ အချိန်ထိ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နောင်ဟင့်ကျေးရွာရှိ ရွာသူ/ရွာသား (၆၀) ဦးခန့်အား သဘာဝအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဆက်လက်၍ (12.00)နာရီမှ(2.00)နာရီ အချိန်ထိ နောင်ယားဆိုင်းကျေးရွာ ရွာသူ/ရွာသား(၂၀၀) ဦးခန့်အား ဌာန၏လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် တက်ရောက်လာသူများမှ မေးမြန်းချက်များကိုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2019 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၂၂.၁၂..၂၀၁၉)ရက်နေ့ (၁၁း၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာကျေးရွာအုပ်စု၊ မဲသံကြိုးကျေးရွာမှ အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံကျေးရွာသို့ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၃)စုမှ ကျား(၅၆)ဦး၊ မ(၆၁)ဦး၊ ပေါင်း(၁၁၇) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၁၇)အိတ်၊ (၁)ပြည်၊ (၄)ဘူး တန်ဖိုးငွေ(၄၉၁၄၀ဝိ/-)အား(၂၂.၁၂.၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)









