တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

 

22_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ  (၂၂.၁၂..၂၀၁၉)ရက်နေ့ (၁၁း၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာကျေးရွာအုပ်စု၊ မဲသံကြိုးကျေးရွာမှ အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံကျေးရွာသို့ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၃)စုမှ ကျား(၅၆)ဦး၊ မ(၆၁)ဦး၊ ပေါင်း(၁၁၇) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၁၇)အိတ်၊ (၁)ပြည်၊ (၄)ဘူး တန်ဖိုးငွေ(၄၉၁၄၀ဝိ/-)အား(၂၂.၁၂.၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#otr

#rke_dec2019

Source:                        ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events