
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူလိုက်ပါ၍ (၂၂-၁၂-၂၀၁၉) ရက်နေ့ (၁၃:၄၅) နာရီအချိန်တွင် မီးလောင်မှု ကြောင့် နေအိမ်ပျက်စီးခဲ့သော ကျိုက်မရောမြို့နယ်၊ လက်ပန်ကျေးရွာမှ နေအိမ် (၁၅) လုံး၊ လူဦးရေ (၅၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀၀၀၀ဝ/-) ကျပ်၊ (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂၃၉၀ဝ/-) ကျပ်အားလည်းကောင်း၊ အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစီနှင့် UNHCR မှ အလှူပစ္စည်းများဖြစ်သော စောင်(၁) ထည်စီ၊ ခြင်ထောင်(၁) လုံးစီ၊ (၇) မျိုး ပါ kitchen set (၁) စုံစီတို့အားလည်းကောင်း ၎င်းနေ့ (၁၆:၃၀) နာရီအချိန်၌ပင် သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_dec2019