လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနl လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (22.12.2019)ရက်နေ့ နံနက်(9.00)နာရီမှ(11.00)နာရီ အချိန်ထိ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နောင်ဟင့်ကျေးရွာရှိ ရွာသူ/ရွာသား (၆၀) ဦးခန့်အား သဘာဝအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဆက်လက်၍ (12.00)နာရီမှ(2.00)နာရီ အချိန်ထိ နောင်ယားဆိုင်းကျေးရွာ ရွာသူ/ရွာသား(၂၀၀) ဦးခန့်အား ဌာန၏လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် တက်ရောက်လာသူများမှ မေးမြန်းချက်များကိုဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2019
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)