မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၉)ရက်နေ့တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၃/ ဆ/ ၂၂)တွင် နေထိုင်သူ ဒေါ်ဒါလှဖြူ(ဘ)ဦးအောင်ထွန်း၏ နေအိမ် ဘုရားစင်ပေါ်၌ ဖယောင်းတိုင်မီးထွန်းပူဇော်ခဲ့ရာမှတဆင့် မီးလောင်ကျွမ်းခဲ့သည့် မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်အား (၂၃-၁၂-၂၀၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source : စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#rke_dec 2019

 

Sign Up

Upcoming Events