Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ရွေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၌ (၃၁-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁) စုမှလူဦးရေ (၈)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် စု(၁)စုစာနှင့် တာပေါ်လင်စ(၁)စတို့ကို (၂-၁-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့မှုများ ပြုလုပ်
ဇန်နဝါရီ ၁ ရက် ၂၀၂၀ ၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်ရှိ မြတ်စုမွန်လူငယ်ပရဟိတဂေဟာသို့ သွားရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော် အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေ လှူဒါန်းခဲ့ပြီး ဂေဟာအတွက် အလှူငွေကျပ် (၅)သိန်း၊ ဂေဟာရှိ ကလေးငယ် (၁၁၀)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (ငါးဆယ့်ကိုးသိန်းလေးသောင်း)၊ ဝတ်စရိတ်နှင့် စားစရိတ် (တစ်ရာ့နှစ်သိန်းသုံးသောင်း)နှင့် ဂေဟာမှူးထောက်ပံ့ငွေ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာဈေးလမ်း၌ (၁-၁-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ တို့ကို (၁-၁-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jan2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်ရှည်ကုန်း ကျေးရွာ၌ (၃၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁-၁-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၇၉)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ (၁၂)ပြည်၊ (၄)ဘူး အားလည်းကောင်း၊ ရိက္ခာထပ်မံလိုအပ်လျင်ရှိသောလမ်းမဘုန်းတော်ကြီကျောင်း၊ စေတီတောင် ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း(၃)ခုရှိတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၉၈၂) စု၊ လူဦးရေ (၄၅၅၁)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၆၆၃) အိတ်၊ (၁၆)ပြည်၊ (၄)ဘူးအား (၁-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေ လှူဒါန်းမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန္တားကျေးရွာ၊ အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၃၀၆)ဦးတို့ အတွက် သောက်သုံးရေရှားပါးမှုကြောင့် ရေဂါလံ(၂၈၀၀)ဂါလံအား (၃၁-၁၂-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီ အချိန်၌ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mgy_dec2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ရေကြည်မြို့နယ်ဉီးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာတွင် (၂၉-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးခဲ့ ရသည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဉီးရေ (၃) ဉီးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၆၃၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀ဝ) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၂,၃၅၃) ကျပ်အား (၃၀-၁၂-၂၀၁၉)ရက်နေ့ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာတွင် (၂၈-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၄)လုံးနှင့် လူဦးရေ(၁၇)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀)ကျပ်၊ စုစုပေါင်း (၃၈၅၇၀၀)ကျပ်တို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့၊(၁၁း၃၀)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec2019 Soruce: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဒုတိယဝန်ကြီးဦးစိုးအောင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဒီဇင်ဘာလ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအမယာမော်နိုင် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးအစီ အစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ မိုင်းအန္တရယ်အသိအပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်းအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များ ရေးဆွဲဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။ #hl2 #npw_dec2019 … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်အမှတ်စဉ် (၀၈/၂၀၁၉)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ”ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၁.၁.၂၀၂၀) ရက်နေ့မှ (၆.၁.၂၀၂၀) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။”









