လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာတွင် (၂၈-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၄)လုံးနှင့် လူဦးရေ(၁၇)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀)ကျပ်၊ စုစုပေါင်း (၃၈၅၇၀၀)ကျပ်တို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့၊(၁၁း၃၀)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_dec2019
Soruce: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)