မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ရေကြည်မြို့နယ်ဉီးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာတွင် (၂၉-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးခဲ့ ရသည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဉီးရေ (၃) ဉီးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၆၃၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀ဝ) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၂,၃၅၃) ကျပ်အား (၃၀-၁၂-၂၀၁၉)ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_fir
#ayy_dec2019

Source: ရေကြည်မြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events