ဒုတိယဝန်ကြီးဦးစိုးအောင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ဒီဇင်ဘာလ ၃၀၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအမယာမော်နိုင် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးအစီ အစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ မိုင်းအန္တရယ်အသိအပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်းအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များ ရေးဆွဲဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

#hl2
#npw_dec2019

Source: MOSWRR

Sign Up

Upcoming Events