Category Archives: News
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖျာပုံမြို့အမှတ် (၁၂) ရပ်ကွက်၊ ဒုတိယလမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေတစ်လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၅.၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)နာရီတွင် ခရိုင်မီးသတ်၊ မြို့နယ်ထွေအုပ်တို့မှတာဝန်ရှိသူများနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_jan2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ လေးလံကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀)ကျပ် ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာအား (၂၅-၁-၂၀၂၀)ရက်နေ့ (၁၀းဝဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_jan2020 … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၁-၂၀၂၀) ရက်နေ့တွင် တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအုပ်စု၊ သနန်ကျေးရွာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး ၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တိတိကို (၂၃-၁-၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ် ထွေ/အုပ် ဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_fir #sgg_jan2020 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နံနက် (၀၈:၀၀) နာရီ မှ (၁၀:၀၀) နာရီထိ အခြေခံပညာအလယ်တန်းကျောင်း (နမ့်တင်) တွင် ဆရာ/ဆရာမ၊ ကျောင်းသား /ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၅၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ ၊ ကျောင်းသား … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀းဝ၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ၊ စုစုပေါင်းအင်အား (၁၃၅) ဦးအား သဘာ၀ဘေးနှင့် စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေး အန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက်ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့်အနေအထားများကို ပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့် … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနဖြင့်ပူးပေါင်း၍ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်လုံးကျေးရွာ၊ မူလတန်းကျောင်း၌ (၂၄-၁-၂၀၂၀) ရက်နေ့(၁၂:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ ဆရာ/ဆရာမ (၂) ဦး၊ ကျောင်း သား/သူ (၂၄) ဦး၊ ကျေးရွာနေပြည်သူလူထု(၄၀) ဦး၊ စုစုပေါင်း(၆၄) ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mgy_jan2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်ကို (၂၄-၁-၂၀၂၀) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_jan2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီ အချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ဆိပ်ဖြူမြို့နယ် ဒေါသာ ကျေးရွာအုပ်စု၊ ဒေါသာ ကျေးရွာအထက(ခွဲ)ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက် များ၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) နာရီအထိ ဝေါမြို့နယ်၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ အထက်ဝိုင်းပါတ် ကျေးရွာ၊ အောက်ဝိုင်းပါတ်ကျေးရွာ၊ကျွန်းစုကျေးရွာအပါ ရွာ (၃) ရွာ၏ အထက်ဝိုင်းပါတ်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာသူ (၃၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၁၀၀)နာရီမှ(၁၂း၃၀)နာရီအထိ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိ ရပ်ဖများကျေးရွာအတွင်းရှိပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးမီးဘေးဗီနိုင်း(မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး လက်ကမ်းစာစောင်များ၊ မုန့့်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jan2020 … Read more









