
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၁-၂၀၂၀) ရက်နေ့တွင် တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအုပ်စု၊ သနန်ကျေးရွာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး ၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တိတိကို (၂၃-၁-၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် မြို့နယ် ထွေ/အုပ် ဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fir
Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)