လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နံနက် (၀၈:၀၀) နာရီ မှ (၁၀:၀၀) နာရီထိ အခြေခံပညာအလယ်တန်းကျောင်း (နမ့်တင်) တွင် ဆရာ/ဆရာမ၊ ကျောင်းသား /ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၅၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ ၊ ကျောင်းသား /ကျောင်းသူများ အား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲဘေး အန္တရာယ်များ၊ ဖြစ်ပေါ်လာနိုင်မှု အခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သဘာဝဘေးမှတ်တမ်း (Video) ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jan2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)