လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) နာရီအထိ ဝေါမြို့နယ်၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ အထက်ဝိုင်းပါတ် ကျေးရွာ၊ အောက်ဝိုင်းပါတ်ကျေးရွာ၊ကျွန်းစုကျေးရွာအပါ ရွာ (၃) ရွာ၏ အထက်ဝိုင်းပါတ်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာသူ (၃၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း (မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး လက်ကမ်းစာစောင်များ၊ မုန့့်များဝေငှပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)