လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖျာပုံမြို့အမှတ် (၁၂) ရပ်ကွက်၊ ဒုတိယလမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေတစ်လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၅.၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)နာရီတွင် ခရိုင်မီးသတ်၊ မြို့နယ်ထွေအုပ်တို့မှတာဝန်ရှိသူများနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)