လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၁၀၀)နာရီမှ(၁၂း၃၀)နာရီအထိ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိ ရပ်ဖများကျေးရွာအတွင်းရှိပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးမီးဘေးဗီနိုင်း(မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး လက်ကမ်းစာစောင်များ၊ မုန့့်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)