လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်ကို (၂၄-၁-၂၀၂၀) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)