Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်(၂)၊ မေတ္တာပါရမီကျောင်းတွင် ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅) စု ၊ လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာ နှစ်ပတ်စာ (၄၁၁,၆၀၀/-) ကျပ်တိတိအား (၂၇-၁-၂၀၂၀) ရက်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
အသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် Chruch World Service (CWS-Myanmar) အဖွဲအစည်းတို့မှ တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု ၊ လယ်ကိုင်း ကျေးရွာ၌ (၂၇- ၁- ၂၀၂၀ ) ရက်နေ့တွင် စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ayy_jan2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀)ရက်နေ့ အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာ တွင် (၁၇-၁-၂၀၂၀) ရက်နေ့ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၁)လုံး ၊ ၄င်းအိမ်ထောင်စု (၁) စု ရှိ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀,၅၀၀) ကျပ် ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂၇-၁-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများနှင့်အတူ … Read more
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၀၁:၀၀) နာရီမှ (၂:၃၀) နာရီထိ မကွေးမြို့နယ်၊ အ.လ.က(ခွဲ) ချောင်းဖြူ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၃၀၀) ဦးခန့်အား ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈) မျိုးဖြစ်ပွားပါက … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၀၀ ) နာရီအချိန်မှ ( ၁၁ : ၀၀ ) နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကြီးပင်ကျေးရွာအုပ်စု၊ မကြီးပင်ကျေးရွာဓမ္မာရုံ၌ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေး အပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့် သကြားလုံးများ ပေး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ (၂၇-၁-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၀) ကို ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သူ (၃၀) ဦး စုစုပေါင်းအင်အား(၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jan2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့ ၊နံနက် ( ၀၉ : ၀၀ ) နာရီအချိန်မှ ( ၁၁ : ၀၀ ) နာရီအချိန်အထိ ဟိုပုံး မြို့နယ်၊ အ. လ. က. (ခွဲ)၊ သာယာကုန်း၌ ကျောင်းသား / သူ (၂၀၀) ဦးအား … Read more
-
အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံးမှ (၂၇-၁-၂၀၂၀ )ရက်နေ့တွင် (၁၁:၀၀) နာရီအချိန်တွင် သုံးခွမြို့နယ်၊ သိုက်တူးကန်စံပြကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်းခွဲတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သောဆောင်ရန်၊ ရှောင်ရန်များ အား ဆောင်ရွက်နိုင်စေရန်အတွက် ဆရာ၊ ဆရာမ(၂၀) ဦးနှင့် ကျောင်းသူ၊ ကျောင်းသား (၂၀ဝ) ဦး ခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jan2020 Source: ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ မောက်မယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း (မောက်မယ်) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၂၀၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈)မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊ နံနက် ( ၉ : ၀၀ )နာရီအချိန်မှ ( ၁၀ : ၃၀ ) နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ အ. ထ. က(စိတ္တသုခ) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ / ဆရာမ (၈၅၀) ဦးတို့အား ငလျင်ဘေး၊ … Read more









