လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်(၂)၊ မေတ္တာပါရမီကျောင်းတွင် ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅) စု ၊ လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာ နှစ်ပတ်စာ (၄၁၁,၆၀၀/-) ကျပ်တိတိအား (၂၇-၁-၂၀၂၀) ရက်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_jan2020