ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

27_pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀)ရက်နေ့ အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာ တွင် (၁၇-၁-၂၀၂၀) ရက်နေ့ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၁)လုံး ၊ ၄င်းအိမ်ထောင်စု (၁) စု ရှိ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀,၅၀၀) ကျပ် ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည်(၂၇-၁-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့ အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_jan2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events