အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

27_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၀၁:၀၀) နာရီမှ (၂:၃၀) နာရီထိ မကွေးမြို့နယ်၊ အ.လ.က(ခွဲ) ချောင်းဖြူ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၃၀၀) ဦးခန့်အား ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈) မျိုးဖြစ်ပွားပါက ဆောင်ရန်၊ ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာများရရှိစေရန်အတွက် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် စာရေး ကိရိယာများဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_jan2020
Source :မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events