သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

 

27_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊  နံနက် ( ၉ : ၀၀ )နာရီအချိန်မှ ( ၁၀ : ၃၀ ) နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ အ. ထ. က(စိတ္တသုခ) ကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ / ဆရာမ  (၈၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သရုပ်ပြ ခြင်း၊ အမေးအဖြေများအပြန်အလှန်ဆောင်ရွက်ခြင်းနှင့်  လက်ကမ်းစာစောင်များပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။

#ar

#mgy_jan2020

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events