သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကျင်းပ ပြုလုပ်မှုသတင်း

27_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ (၂၇-၁-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၀) ကို ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သူ (၃၀) ဦး စုစုပေါင်းအင်အား(၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_jan2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events