လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ မောက်မယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း (မောက်မယ်) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၂၀၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈)မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ၊ ဖြစ်ပေါ် လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေး အန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သဘာဝဘေး မှတ်တမ်း Video များ ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)