Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးနှင့်တွေ့ဆုံ
ဇန်နဝါရီ ၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို အတည်ပြုပြဌာန်းခဲ့ ပြီးနောက် အဆိုပါမဟာဗျူဟာ အား အကောင်အထည်ဖော်ရန်လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် လုံခြုံရေး၊ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၀ခုနှစ်၊ အစိုးရဌာနဆိုင်ရာများနှင့် တတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂ဝ ပြည့်နှစ်၊ အစိုးရဌာနဆိုင်ရာများနှင့် စတုတ္တအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံး၊ အစည်းအဝေးခန်းမတွင် (၂၉-၁-၂၀၂၀) ရက်နေ့ (၁၄းဝ၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများမှ မိမိတို့အဖွဲ့အစည်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သဘာဝဘေး ဖြစ်ပေါ်လာပါက ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ပါကြောင်း … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၊ တာချီလိတ်မြို့နယ်ဦးစီးမှုးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ (၀၉:ဝ၀) အချိန်မှ (၁၁:၃ဝ) အချိန်ထိ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ အုပ်စု၊ ဝမ်ကောင်းမွန်းကျေးရွာ၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများ စုစုပေါင်း အင်အား(၈၀)ဦးအားလည်းကောင်း၊ (၁၂:၃၀) အချိန်မှ (၁၄:၃၀) အချိန်ထိမိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ (ပန်ဟတ်) အခြေခံ ပညာမူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၉၅) ဦးအားလည်းကောင်း သဘာ၀ဘေးနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာ၀ဘေးအန္တရာယ်များအကြောင်း … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန္တားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သောက်သုံး ရေရှားပါးခက်ခဲမှုများကြောင့် ဆရာ / ဆရာမ (၁၂) ဦး၊ ကျောင်းသား / သူ (၇၂) ဦး၊ စုစုပေါင်း (၈၄) ဦးတို့အတွက် ရေဂါလံ (၁၂၀၀) အား (၂၉ – ၁ – ၂၀၂၀ ) ရက်နေ့ ၊( … Read more
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁၀:၅၅) နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမီးဘေး(၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ (၆,၀၀၀/-) ကျပ်၊ လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၁)အိမ်ထောင်စုစာ၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်း နှင့် ထောက်ပံ့ငွေ (၃၂,၉၁၀/-) ကျပ် တိတိအား ( ၂၉ – ၁ – ၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့၊ အ.ထ.က (၂) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၄၀၀) ဦးခန့်ကို သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းဟောပြောခြင်း၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ ( ၁၀ : ၀၀ ) နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာအုပ်စု၊ ကွမ်းစလန်းကျေးရွာမှ မိုင်းနင်းမိ၍ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိ သော ဒဏ်ရရပြည်သူ (၂) ဦး အတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-) အား (၂၉-၁-၂၀၂၀) ရက်နေ့ (၁၃: ၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #shn_jan2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးအသိပညာပေးပိုစတာအားလဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲ မြို့ပြင်အထွက် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး ဘေးပလက်ဖောင်းမြေတွင် စိုက်ထူထားရှိသော ဆိုင်းဘုတ်၌ မီးဘေးအသိပညာပေးပိုစတာအား လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_jan2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ (အ.မ.က) သာယာစုကျောင်း၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးဖြစ်ပွားလာပါက မည်ကဲ့သို့ပြုမူနေထိုင်သင့်ကြောင်းကို အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၁၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_eqk #npw_jan2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် (Brightway) ကုမ္ပဏီမှ သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း အိမ်ရာတည်ဆောက်နေမှုအား သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်ရန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။ #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









