လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် (Brightway) ကုမ္ပဏီမှ သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း အိမ်ရာတည်ဆောက်နေမှုအား သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်ရန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။
#mon_jan2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)