ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂ဝ ပြည့်နှစ်၊ အစိုးရဌာနဆိုင်ရာများနှင့် စတုတ္တအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံး၊ အစည်းအဝေးခန်းမတွင် (၂၉-၁-၂၀၂၀) ရက်နေ့ (၁၄းဝ၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများမှ မိမိတို့အဖွဲ့အစည်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သဘာဝဘေး ဖြစ်ပေါ်လာပါက ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ပါကြောင်း သတင်းရရှိပါသည်။