လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁၀:၅၅) နာရီအချိန်၌ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သောမီးဘေး(၁) အိမ်အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ (၆,၀၀၀/-) ကျပ်၊ လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၁)အိမ်ထောင်စုစာ၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်း နှင့် ထောက်ပံ့ငွေ (၃၂,၉၁၀/-) ကျပ် တိတိအား ( ၂၉ – ၁ – ၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mdy_jan2020
Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)