လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၊ တာချီလိတ်မြို့နယ်ဦးစီးမှုးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ (၀၉:ဝ၀) အချိန်မှ (၁၁:၃ဝ) အချိန်ထိ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ အုပ်စု၊ ဝမ်ကောင်းမွန်းကျေးရွာ၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများ စုစုပေါင်း အင်အား(၈၀)ဦးအားလည်းကောင်း၊
(၁၂:၃၀) အချိန်မှ (၁၄:၃၀) အချိန်ထိမိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ (ပန်ဟတ်) အခြေခံ ပညာမူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၉၅) ဦးအားလည်းကောင်း သဘာ၀ဘေးနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာ၀ဘေးအန္တရာယ်များအကြောင်း
ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေး ဟောပြောခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊
ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့်အနေအထားများကို ပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jan2020