လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန္တားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သောက်သုံး ရေရှားပါးခက်ခဲမှုများကြောင့် ဆရာ / ဆရာမ (၁၂) ဦး၊ ကျောင်းသား / သူ (၇၂) ဦး၊ စုစုပေါင်း (၈၄) ဦးတို့အတွက် ရေဂါလံ (၁၂၀၀) အား (၂၉ – ၁ – ၂၀၂၀ ) ရက်နေ့ ၊( ၁၃ : ၀၀ ) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။
#mgy_jan2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)